Search This Blog

Monday, August 13, 2012

Myanmar font for SAMSUNG GALAXY













Samsung ဖုန်းတွေကို လူသုံးလည်းများတယ်။ မြန်မာစာအတွက်လည်း လွယ်ကူတယ်ဆိုတော့ မြန်မာဖောင့်ထဲ့နည်းလေး ပြောပြချင်ပါတယ်။ သိတဲ့သူတွေများပေမယ့် မသိတဲ့သူကျတော့ Service ဆိုင်မှာ လုပ်နေရလို့ပါ။ ကျွန်တော့် အသိတစ်ယောက်က Samsung Galaxy Note လေးဝယ်ပြီး အဲ့လိုပဲ မြန်မာစာ ထဲ့တော့ ဆိုင်က root လုပ်ရမယ်ဆိုပြီး 15000 တောင်တောင်းလိုက်တယ်ဗျ။ ပြီးတော့ တကယ်လည်း root မလုပ်ထားပါဘူး ။ Super user လို့ခေါ်တဲ့ အရိုးခေါင်းလေးလည်း မတွေ့ပါဘူး။ root မလုပ်ပဲ ထဲ့ရင် 8000 ကျမယ်တဲ့ဗျာ။ အဲ့တော့ ခုလိုမျိုး ငွေကုန်ကြေးကျမများအောင် ကူညီပေးချင်လို့ပါ။
ပထမဆုံးအနေနဲ့ zip ဖိုင်လေး တစ်ဖိုင်ကို ဒေါင်းလုပ်ဆွဲရပါမယ်။ အောက်က လင့်ခ်မှာ ဆွဲနိုင်ပါတယ်။
Myanmar font အတွက် zip file
(ဒီနေရာမှာ ဒေါင်းပါ)
ပြီးရင်တော့ အဲ့ဒီ ဒေါင်းထားတဲ့ ဖိုင်လေးကို ဖြည်လိုက်ပါ။ ဖိုင်ထဲမှာပါတဲ့ .apk သုံးခုလုံးကို သင့်ဖုန်းမှာ သွင်းလိုက်ပါ။
အားလုံးပြီးသွားရင်တော့ ဖုန်းထဲမှာ ပြင်ဆင်မှုများပြုလုပ်ရပါမယ်။
၁။ Setting>>>>Display>>>Font Style>>>>Zawgyi one.... ကိုနှိပ်ပါ။ reset now / reset later လို့ပေါ်လာရင် reset now ကိုရွေးလိုက်ပါ။ ဖုန်းကို ပိတ်သွားပါလိမ့်မယ်။ ပြီးရင် သူ့အလိုလိုပြန်တက်လာပါလိမ့်မယ်။
၂။ မြန်မာ လို ရိုက်လို့ရအောင် ပြင်ဆင်ရမှာတော့
Setting>>>>Application>>>>Manage application>>>>Frozen Keyboard ကိုနှိပ်ပါ။ ပေါ်လာတဲ့ထဲကနေ Move to Phone ဆိုသာကိုရွေးပါ။ (ဖုန်းပိတ်ပြီး ပြန်ဖွင့်လည်း ပြောင်းလှဲမှု ထပ်မလုပ်ရအောင်လို့ပါ)
ထပ်ပြီး Setting>>>>Language and Text ထဲက Frozen Keyboard ကို အမှန်ခြစ်လေးပေးပါ။ OK ကိုနှိပ်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ သင့် Samsung Galaxyဖုန်းလေးဟာ မြန်မာလိုရိုက်လို့ရပြီး မြန်မာလို ဖတ်လို့ရပါပြီ။
Credit to MMAS & MMUG.

We are Myanmar Mobile User, We love Sharing!

No comments:

Post a Comment