Search This Blog

Friday, April 13, 2012

Android OS သုံး ဖုန်း တစ်လုံးဝယ်ယူမယ်ဆိုရင်

ဖုန်းဖုန်းဖုန်း နဲ့ လူတိုင်းဖုန်းလုပ်နေတဲ့ အချိန်မှာ ဖုန်းနဲ့ပါတ်သက်တဲ့ အကြောင်းပြောချင်လာတယ်။ တန်ဖိုးနည်း ဖုန်းတွေ  အစိုးရက ချပေးလာတော့ လူတိုင်း စိတ်ဝင်စားကြတယ်။ ၀ယ်ကိုင်ကြတယ်။ အရေးတည်း ငါးထောင်တန် သမားတွေ ကလည်း ကနေ့ပဲ ပေးမှာလိုလို မနက်ဖြန်ပဲ ပေးမှာလိုလိုနဲ့ မက်လုံးတွေ ပေးကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်။
ပထမဆုံးက လူတိုင်းစိတ်ဝင်စားတာ ဟန်းဆက်ပါပဲ ။ ဘယ်လိုဟန်းဆက်မျိုးကိုင်မလည်းပေါ့။ ဈေးကလည်း သင့်ရမယ် လိုင်းဆွဲအားကလည်း ကောင်းချင်တယ်။ ဂိမ်းလေးလည်း ဆော့ချင် သီချင်းလည်း နားထောင်ချင်။ ဓါတ်ပုံလည်း ရိုက်ချင် ဆိုတဲ့ လူတွေ အတွက်တော့ Android OS သုံးထားတဲ့ စမတ်ဖုန်းတွေကို ကိုင်သင့်တယ်။ အကောင်းဆုံးပါပဲ။ ဈေးလည်း သင့်သလောက်ရှိတယ်။ ကိုယ်ကြိုက်သလိုလည်း ပြင်ဆင်နိုင်တယ်။ အစအစအရာရာ အဆင်ပြေပါတယ်။ မြန်မာပြည်နဲ့လည်း ကိုက်တယ်လေ။ ထိရတို့ရတာကို မကြိုက်တဲ့ သူတွေ တော့ သိပ်မကောင်းဘူး။ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် Android ဖုန်း တစ်လုံးလောက်ဝယ်မယ် စိတ်ကူးနေတဲ့ သူတွေကို ၀ယ်ရင် စဉ်းစားရမယ့် အချက်တွေ ဖော်ပြပေးပါမယ်။
ပထမဆုံး သိရမှာက OS version ပဲ။ ဘယ်လောက်သုံးထားတယ် ဘယ်လောက်အထိ မြင့်လို့ရမယ်ဆိုတာကို သိထားရမယ်။ အနိမ့်ဆုံးတော့ 2.2 လောက်ကို ပဲ စဉ်းစားသင့်တယ်။
နောက်ထပ်က အရွယ်အစား ။ အရွယ်အစားကလည်း အရေးကြီးတယ်နော်။ ဘယ်အရွယ်လောက် ကိုင်ချင်လည်း ပေါ့။ အသေးဆုံး 3.5 လောက်မှ ပဲ အဆင်ပြေမှာပဲ။အဲ့ဒီထက်သေးရင်တော့ ကိုင်ရတာ အဆင်မပြေသလို ကြည့်လို့လည်း မကောင်းဘူး။
နောက်ထပ်က resolution . ဘယ်လောက်အထိရှိလည်းပေါ့။ 800-600 လောက်ဆိုရင်ကိုမှ မဆိုးတော့ပါဘူး။
ပြီးတော့ ဓါတ်ပုံရိုက်ချင်သူတွေအတွက် camera . ဘယ်လောက် Mega-pixcel လောက်ရချင်လည်းပေါ့။ အခုခေတ်မှာတော့ အသေးဆုံး 5 MP လောက်မှပဲ ကောင်းမယ်။ အဲ့ထက်သေးရင်တော့ အဆင်မပြေနိုင်ဘူး။ ဒါမှသာ ဓါတ်ပုံရိုက်လည်း အဆင်ပြေမယ် ။ ဗီဒီယိုရိုက်လည်း ကောင်းမယ်။
နောက်ထပ်က Brand ပဲ ။ ဘယ်လို ကုမ္ပဏီက ထုတ်တာကို သုံးချင်တာလည်း ။ နာမည်ကြီးမှလား ။ စဉ်းစားရမယ် ။ အာမခံ ဘယ်လောက်ပေးနိုင်လည်း။
လက်ရှိ မြန်မာပြည်မှာ အသုံးများတာတော့ Samsung တွေပဲ ။ Samsung Glaxy တွေဆိုရင်တော့ မဆိုးဘူး ။ အများအားဖြင့်လည်း  android version က 2.3 gingerbread လောက်နဲ့လာတယ်။ တခြားကောင်းတာက Huawei တွေပဲ ။ U8800 လောက်သုံးရင်အဆင်ပြေတယ်။ အရွယ်လည်း မဆိုးဘူး။ Samsung Glaxy Note / nexus တို့ဆိုရင်တော့ ကောင်းတယ်။ Note က တော့ အရွယ်တော်တော် ကြီးမယ်။ 5.3 လောက်ရှိမယ်ထင်တယ်။ Nexus က တော့ OS version မိုက်တယ်။ 4.0ice-cream sandwich နဲ့လေ။ လက်ရှိမှာတော့ အမြင့်ဆုံးပေါ့။ ဈေးကလည်း မြင့်တယ်။ ဈေးလည်း အသင့်သင့်နဲ့ ကောင်းကောင်းလေး ကိုင်ချင်ရင်တော့ Huawei U8800 နဲ့ Samsung Glaxy fit /young တို့ဆို ကောင်းပါပြီ။
နောက်ထပ်လည်း Android OS သုံးဖုန်းတွေ ကို ဘယ်လို ပြုပြင်ရမယ်ဆိုတာ ပြောပြပါမယ်။
အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
မေးခွန်းတွေကိုလည် အခွင့်အခါသင့်တိုင်း ဖြေပေးပါမယ်။