Search This Blog

Friday, October 14, 2011

windows 8 ကြောင်း သိကောင်းစရာများ

windows 8 ကတော့ ထွက်ပေါ်လာခဲ့ပါပြီ...
windows 8 ကို ဘယ်လိုတင်မယ် ဘယ်လိုသုံးရမယ် ဆိုတာတွေကို ပြောပြထားတဲ့ pdf file တစ်ခုပါ။ desktop နဲ့ tablet မှာ သုံးဖို့ တင်ဖို့ အတွက်ပါ
PC Clinic Computer Center Presents

Friday, October 7, 2011

ဘလောဂါ အကြောင်း တစေ့တစောင်း

အမည် -တမန်ဦး
အသက်-22
နေရပ်-မိုးကုတ်
ပညာအရည်အချင်း-B.A(CW)(ရသစာပေ အရေးအသားအထူးပြု)
အလုပ်အကိုင်-Computer Tarinner
လိပ်စာများ-www.realslinshady@gmail.com
www.tamanoo.blogspot.com

PC Clinic Computer Sale , Service & Training

ကွန်ပျူတာကို တိုက်ခိုက်သော virus တို့ အကြောင်းတစေ့တဆောင်း

download ယူရန်
Click here

Thursday, October 6, 2011

ကွန်ပျူတာ သမားတို့အတွက်

မြန်မာပြည်မှ ကွန်ပျူတာ အသုံးပြုသူများ အတွက် ရည်ညွန်ပြီး ရေးသားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် hardware သမားတွေ အတွက်ပါ။ ကျွန်တော် တို့ မြန်မာပြည်မှာ ကွန်ပျူတာ အသုံးပြုတာ မတွင်ကျယ် သေးတာနဲ့ အမျှ အခြား နားမလည် မှု  ပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကွန်ပျူတာ monitor မှာ စာမပေါ်တာမျိုးကို အရင်ပြောချင်ပါတယ်။ ဒီဖြစ်ရပ်ဟာ hardware ဆိုင်ရာ  ပျက်စီးမှု လွဲချော်မှုကြောင့် ဖြစ်တာပါ။ အဲ့လို စာမပေါ်ရင် ပျက်နိုင်တဲ့ ပစ္စည်းတွေက တော့ 1.Motherboard
2.Memory
3.VGA card
4.monitor တို့ပဲ ဖြစ်ပါတယ်။
အခုလိုမျိုး ပြဿနာတွေ ဖြစ်လာပြီဆိုရင် မိမိဆီမှာ ၄င်းနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ ရှိထားရမှာ ဖြစ်ပါတယ်။ ဒါမှ သာလျှင် အစားထိုး လှဲလှယ်နိုင်မှာ ဖြစ်ပါတယ်။
ဒုတိယ ပြဿနာ ကတော့ ကွန်ပျူတာ မှာ  blue screen ပေါ်တဲ့ ပြဿနာပါ။ ဒါဟာ hardware ကြောင့် ဖြစ်နိုင်သလို software ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပထမဆုံး memory အစားထိုး လှဲကြည့်ရပါမယ် အဆင်ပြေကောင်း ပြေသွားနိုင်ပါတယ်။ဒုတိယ နည်းကတော့(အဆင်မပြေခဲ့ရင်)window repair လုပ်ကြည့်သင့်ပါတယ်။ window 7ဆိုရင်တော့ သိပ်များများ ပြောစရာ မလိုပါဘူး။ သူ့ အရင် ရှိပြီးသား ဆိုရင် windows 7 ခွေ ကို boot လုပ်လိုက်ရင် ပထမ အဆင့်မှာ repair လုပ် လိုက်ယုံပါပဲ။ windows xp ဆိုရင်တော့ SP 2/3 ခွေနဲ့မှသာ လုပ်လို့ရမှာပါ။
အထက်ပါ ခွေတစ်ခွေခွေကို boot လုပ်ပါ။ ပြီးရင်တော့ starting window ဆိုတာ ပေါ်လာပါမယ်။ ပထမအဆင့် repair ကို ကျော်ခဲ့ပြီး enter ခေါက်လိုက်ပါ။ ဒုတိယ အဆင့်ရောက်မှ rapair လုပ်ဖို့ အတွက် 'r' ကို နိပ်ပါ ။ သူ့ဟာနေသူ အစဉ်လိုက်လုပ်သွားပါလိမ့်မယ်။ product key လေးတော့ ထည့်ပေးဖို့လိုပါလိမ့်မယ်။
အခုဆိုရင် သင့်ကွန်ပျူတာ ကပေးတဲ့ဒုက္ခတွေကို အနည်းနဲ့ အများကျော်လွားနိုင်မှာပါ။
နောက်များဖြင့်လည်း ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ အရာတွေ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။စောင့်မျှော်အားပေးစေလိုပါတယ်။