Search This Blog

Wednesday, September 5, 2012

Xperia Arc S ကို ICS တင်ကြရအောင်

Arc S
CPU 1.4 GHz Scorpion နဲ့လာတဲ့ Arc S က သုံးရတာ အရမ်းသွက်ပါတယ်။ အရွယ်အစားကလည်း 480 x 854 pixels, 4.2 inchesဆိုတော့ အသင့်အတော်ပါပဲ ။ Official 2.3.4 နဲ့လာပေမယ့် ICS ကိုမြင့်လိုက်တဲ့အခါ ပိုကောင်းလာပါတယ်။ အခြားဖုန်းတွေမှာ ICS ကိုမြင့်လိုက်တဲ့အခါ Dail Pad ပေါ်တာ နှေးပေမယ့် Arc S ကတော့ သိပ်ကြီးမကြာပါဘူး။ ခုပြောပြမှာက ICS ကို တင်မယ့် လမ်းစဉ်တွေပါ။
ပထမဆုံး ဒါလေးကို ဒေါင်းလိုက်ပါ။
Arc S 4.0.4 firmware

ဒေါင်းပြီးရင်တော့ rar ကို ဖြေလိုက်ပါ။ ဖြေတဲ့အခါမှာ အဆင်မပြေခဲ့ရင် 7zip ဆိုတဲ့ software လေးနဲ့လုပ်ပါ။
7zip Download link

ထပ်ပြီး ဒေါင်းစရာတွေ ရှိသေးပါတယ်။
အောက်က လင့်ကို ဒေါင်းပါဦး :D
.Flashtool

အားလုံးဒေါင်းလို့ပြီးရင် သင့်ဖုန်းကို Backup လုပ်ထားပါ။ ပြီးရင်တော့ Flashtool ကို Install လုပ်လိုက်ပါ။
ပထမဒေါင်းထားတဲ့ firmware ကို ဖြေပြီး C/flashtool/firmware ထဲကို ထဲ့ပါ။
ပြီးရင် C/flashtool/driver ထဲက flashtooldrivers.exe ကို run ပေးပါ။ အမှန်ခြစ်တွေ အကုန်သာပေးပြီး သွင်းလိုက်ပါ။
အားလုံးပြီးသွားတဲ့အခါ ကွန်ပျူတာကို restart ချပေးပါ။ ဖုန်းကိုလည်း ပါဝါပိတ်ထားလိုက်ပါ။
ကွန်ပျူတာ ပြန်တက်လာတဲ့အခါ flashtool ကို ဖွင့်ပါ။ flash ကို နှိပ်ပြီး flash mode ကိုရွေးပါ။
ဆက်ပြီး Lt18i firmware ကိုရွေးပါ။ No final verifacation ဆိုတာလေးကိုလည်း အမှန်ခြစ်ပေးထားပါ။
ပိတ်ထားသော ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပေးလိုက်ပါ။ ချိတ်ဆက်တဲ့အခါ Back Keyကို နှိပ်ထားပါ။
flashtool က အဆင့်ဆင့် လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးရင် သူ့ဟာသူ ဖုန်းဟာ ပြန်ပွင့်လာပါမယ်။
ဒီအခါ ICS အလန်းစားလေးနဲ့ Arc S ကိုတွေ့ပါလိမ့်မယ်။
အဆင့်ဆင့်ကို ပုံနှင့်တကွ ပြထားပါတယ။် အဆင်ပြေပါစေ။
Credit to MMAS and MMUG.
We love sharing!